ရွှေဘို ဒီဇင်ဘာ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာရေးဆရာများနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်း၍ ရွှေဘိုအတွေး ရွှေဘိုသွေး စာပေအနုပညာ မဂ္ဂဇင်းအမှတ်(၃)၊ ၂၀၂၂ ခုနှစ် စာအုပ်မှ၊ ဆရာမြတ်နိုင်ဦး(ရွှေဘို) ရေးသားထားသည့် "အင်အား(၅)ရပ်" ဆောင်းပါးဖြင့် ယမန်နေ့နံနက်(၁၀)နာရီချိန်က စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် ရွှေဘိုမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ စာရေးဆရာ အောင်ဘုန်းညိုက အဖွင့်အမှာစကား ပြောကြားပြီး ရွှေဘိုခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်အေးမြမွန်က စာဖတ်ဝိုင်းပြုလုပ် ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ဆွေးနွေးပြောကြားခဲ့ပြီးနောက်၊ တက်ရောက်လာသော စာပေချစ်မြတ်နိုးသူများမှ "အင်အား(၅)ရပ်" ဆောင်းပါးပါ အကြောင်းအရာများကို မိမိတို့ကိုယ်ပိုင်အတွေးအမြင်များဖြင့် ဝိုင်းဝန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရွှေဘိုခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူများ အသိဉာဏ်ပညာ ဗဟုသုတများတိုးပွား လာစေရန်နှင့် မျိုးဆက်သစ်လူငယ်များစာပေဖတ်ရှု့သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် စာရေးဆရာများ၊ (Book Club) စာပေမြတ်နိုးသူများဖြင့် စာဖတ်ဝိုင်းများနှင့် အသိပညာပေး ဆွေးနွေးပွဲများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ခရိုင် (ပြန်/ဆက်)