နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ်(၄၆/၂၀၂၂) ဖြင့် ထုတ်ပြန်ခဲ့သော အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေအား အသင်းအဖွဲ့များနှင့်ပြည်သူ လူထုသိရှိနားလည် လိုက်နာစေရန် ချပြရှင်းလင်းဆွေးနွေးခြင်းများ မြန်အောင်တွင်ဆောင်ရွက်

မြန်အောင် ဒီဇင်ဘာ  ၁၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ်(၄၆/၂၀၂၂)ဖြင့် ၂၈-၁၀-၂၀၂၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေအား အသင်းအဖွဲ့များနှင့် ပြည်သူလူထုသိရှိနားလည်လိုက်နာစေရန် ချပြရှင်းလင်းခြင်းများ ယမန်နေ့ နံနက်က မြန်အောင်ခရိုင် မြန်အောင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အစည်းဝေးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးနေမင်းထွန်းကအဖွင့် အမှာစကား ပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချစ်မောင်က အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအား Power Point ဖြင့်ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။

အသင်းအဖွဲ့များနှင့် ပြည်သူလူထုသိရှိနားလည်လိုက်နာစေရန် ချပြရှင်းလင်း ဆွေးနွေးပွဲသို့ မြို့နယ်တရားသူကြီး ဦးဇေယျာမျိုး၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ထက်၊ မြို့နယ် ဥပဒေအရာရှိ ဦးသိန်းထွန်းဝင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်အောင်မြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့ (၂၇) ဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဝင်းဗိုလ်

မြန်အောင် (ပြန်/ဆက်)