တောင်ကုတ်မြို့၌ (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ စတင်ကျင်းပ

တောင်ကုတ် ဒီဇင်ဘာ ၁၃

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့၌ (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယနေ့နံနက် (၇) နာရီအချိန်က မြို့မအားကစားကွင်း အတွင်း၌ စတင်ကျင်းပသည်။

(၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများအနက် ဘောလီဘော ပြိုင်ပွဲ ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ ၊ ထုပ်ဆီးတိုးပြိုင်ပွဲ နှင့် ဘောလုံး ဂိုးကျဉ်း ပြိုင်ပွဲများကို ယနေ့နံနက်မှ စတင်ကျင်းပလျက်ရှိပြီး လွန်ဆွဲပြိုင်ပွဲ၊ ချောတိုင်တက်ပွဲနှင့် အခြားပျော်ပွဲရွှင်ပွဲများကို နောက်ရက် များတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။

တောင်ကုတ်မြို့နယ်၌ (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများကို ယခုနှစ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ အားကစားနည်းအလိုက် ပြိုင်ပွဲများသို့ အခြေခံပညာကျောင်းများနှင့်ရပ်ကွက်၊ ကျေးရွာ အုပ်စုများမှ အသင်းများ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်းလည်း သိရသည်။

မြို့နယ်ပြန်/ဆက်