မြို့သစ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ၊ ဟောပြောပွဲဆောင်ရွက်

မြို့သစ် ဒီဇင်ဘာ ၁၃

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ဟောပြောပွဲ၊ စာဖတ်ဝိုင်းနှင့် နံရံကပ်စာစောင်ပြပွဲပြသဆောင်ရွက်ခြင်းကို ယမန်နေ့က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်က ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေရန်၊ ကျောင်းစာကိုလည်း ကြိုးစားသင်ယူလေ့လာကြရန်နှင့် ကျောင်းသား/ကျောင်းသူများ ပညာရည်ပြည့်ဝမှသာ အမှားအမှန်ဝေဖန်ခွဲခြားနိုင်ပြီး မိမိဘဝတိုးတက်မြင့်မားလာနိုင်မှာ ဖြစ်ကြောင်းအသိပညာပေး ပြောကြားခဲ့သည်။

ထို့နောက်  သဘာဝဘေးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များ ပြသထားရာ ကျောင်းသား/ကျောင်းသူများ စိတ်ဝင်စားစွာဖြင့် ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြကြောင်း သိရသည်။

သန်းဝင်းထွန်း(ပြန်ဆက်)