မိုင်းပန် ဒီဇင်ဘာ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်ခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ ဒေသခံပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာချုပ် မိုင်းပန်တပ်နယ်မှ မြို့မဈေးရှေ့တွင် ယနေ့နံနက် (၆)နာရီအချိန်က အခြေခံစားကုန်နှင့် ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ရောင်းချရာတွင် ဝက်သား(၁)ပိဿာလျှင် (၁၂၀၀၀/-)ကျပ်၊ ကြက်သား(၁)ပိဿာလျှင် (၇၀၀၀/-)ကျပ်၊ ငါး(၁)ပိဿာလျှင် (၆၅၀၀/-)ကျပ်၊ ကြက်ဥ(၁)လုံးလျှင်(၂၀၀/-)ကျပ်နှင့် ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိရာ မိုင်းပန်မြိုနယ် မြို့မဈေးရှေ့တွင် လာရောက်ဝယ်ယူသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ထိုသို့ အခြေခံစားကုန်နှင့် ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုအား အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အမှတ်(၁၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးတင်မင်းလတ်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်တို့မှ လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မိုင်းပန်(ပြန်/ဆက်)