ပန်းတောင်းမြို့နယ်တွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ကာကွယ်တားဆီးရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ပန်းတောင်း ဒီဇင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ကျောက်ဖူးအုပ်စု အမှတ်(၉)ကာကွယ်ရေးပစ္စည်းစက်ရုံ၊ အထက(ခွဲ)ကျောင်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ကာကွယ်တားဆီးရေးအသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူး ကျော်ညီမှ အဖွင့်အမှာစကားပြောကြားပြီး မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူးမျိုးမင်းမှ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ကာကွယ်တားဆီးရေးနှင့်ပက်သတ်သည့် သိကောင်းစရာများခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပြောကြားကာ ကျောင်းအုပ်ဆရာကြီး ဦးအောင်ဆန်းဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးကျော်ညီ၊ အမှတ်(၃၇)မူးယစ်တပ်ဖွဲ့စုမှ ရဲမှူးမျိုးမင်း၊ ကျောင်းပညာရေးကော်မတီဥက္ကဋ္ဌ ဗိုလ်ကြီးကျော်လင်းခိုင်ဦး၊ ဥသျှစ်ပင်နယ်မြေရဲစခန်းမှူး ရဲအုပ်သန်းလှကျောင်းအုပ်ဆရာကြီး ဦးအောင်ဆန်းဦးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်းအင်အား(၁၇၂)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

သင်းသင်းအေး (ပြန်/ဆက်)