မိုးမောက် ဒီဇင်ဘာ ၁၄
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ နိသောကရာမဘုန်းတော်ကြီးသင်ကျောင်းတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်လွန်းနန်းထွေးနှင့် ဝန်ထမ်းများသည် နယ်လှည့်အသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီ ခန့်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ဦးစီးမှူးမှ ကျောင်းသား/သူများ စာဖတ်ခြင်းအလေ့အထနှင့် ဗဟုသုတ တိုးပွားစေရန် အလို့ငှာ စာဖတ်ခြင်းအကျိုးကျေးဇူးစာအုပ်မှ ချမ်းသာခြင်းနှင့် စာဖတ်ခြင်း ညီမျှခြင်းရှိရဲ့လားဟူသော ပုံပြင်ကို ပုံဥပမာဖြင့် ဟောပြောခဲ့ပြီး ကျောင်းသား/သူများ စာဖတ်ခြင်း အလေ့အထကောင်းများ ရရှိစေရန်နှင့် စာဖတ်စွမ်းရည် တိုးတက်မှုရှိလာစေရန် ရည်ရွယ်၍ စာအုပ်စာစောင်များ ဖတ်ရှုစေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)