မြင်းခြံ ဒီဇင်ဘာ ၁၄
မြင်းခြံမြို့ မြို့မဈေးနှင့် အေးမြသီတာဈေးတို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ရည်ရွယ်ချက်ဖြင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြပွဲနှင့် ဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါဈေးများရှိ ဈေးဆိုင်များ၊ ဈေးရုံတန်းများအနီးတွင် ဆောင်ရွက်ကြောင်း သိရ သည်။
အဆိုပါ မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြပွဲတွင် ဈေးအတွင်းရှိ ဈေးဆိုင်ခန်းများနှင့် ဈေးရုံ တန်းများတွင် မီးလောင်မှုဖြစ်ပွားပါက မီးငြှိမ်းသတ်ရေးယာဉ်များဖြင့် လက်တွေ့မီးငြှိမ်းပုံ၊ မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်ပုံတို့ကို လက်တွေ့ပြသခဲ့ပြီး မီးဘေး အန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်သက်လှိုင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကိုသန့်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက သရုပ်ပြဆောင်ရွက်သည်။
အဆိုပါ ဈေးများအတွင်း မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားသော မီးသတ်ရေကန်များ၊ မီးသတ်ရေငုတ်များနှင့် မီးငြှိမ်းသတ်ရေးစက်များကို တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ကျော်စွာ