မံစီ ဒီဇင်ဘာ ၁၄
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စာအုပ်စာစောင်နှင့် နံရံကပ်စာ စောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲကို ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူ လူငယ်များ မြန်မာ့လွတ်လပ်ရေးသမိုင်းအကြောင်းကို သိရှိပြီး လွတ်လပ်ရေး၏ တန်ဖိုးကို သိရှိစေရန်နှင့် စာပေများကို လေ့လာဖတ်ရှုကာ စာပေအသိပညာဗဟုသုတများ မြင့်မားလာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပြီး မြန်မာ့လွတ်လပ်ရေးနေ့ သမိုင်းအကြောင်းစာအုပ်များ၊ အသိပညာဗဟုသုတများစွာ ရရှိစေမည့် သုတ၊ ရသ စာအုပ်စာစောင်များနှင့် လွတ်လပ်ရေးနေ့အကြောင်း အသိပညာပေး၊ လူကုန်ကူးခြင်းဆိုင်ရာ အသိပညာပေး၊ ကလေးသူငယ်အလုပ်သမား ပပျောက်ရေး အသိပညာပေး၊ မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး၊ မျောက်ကျောက်ရောဂါအကြောင်း အသိပညာပေး စသည့် အသိပညာပေး နံရံကပ်စာစောင်များကို ပြသခဲ့ရာ လူငယ်လူရွယ် ကျောင်းသား ကျောင်းသူများနှင့် စာဖတ်ပရိတ်သတ်များ စိတ်ဝင်တစားလာရောက် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)