ပင်လောင်းမြို့နယ်တွင် အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ကျောင်းသားအားကစားပွဲတော်အတွက် မြို့နယ်အဆင့်ကစားသမားများ ရွေးချယ်

ပင်လောင်း  ​ဒီဇင်ဘာ  ၁၄

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ခရိုင်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ကျောင်းသားအားကစားပွဲတော်ကျင်းပပြုလုပ်မည်ဖြစ်ရာ ခရိုင်အဆင့်အားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် မြို့နယ်အဆင့် လူရွေးချယ်ရေးလုပ်ငန်းများကို  ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် မြို့နယ်အားကစားကွင်း၌ ယမန်နေ့နံနက်ပိုင်းနှင့်မွန်းလွဲပိုင်းတွင် လူရွေးချယ်မှုများပြုလုပ်ခဲ့သည်။

အဆိုပါ ကျောင်းပေါင်းစုံအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်မည့် အားကစားနည်းဖြစ်သည့် ပိုက်ကျော်ခြင်း(ကျား)၊ ဘော်လီဘော(ကျား/ မ)၊ ပြေးခုန်ပစ်(ကျား/ မ)၊ လှံတံ ပစ်(ကျား/ မ)၊ သံလုံး/ သံပြားပစ် (ကျား၊ မ)၊ အလျားခုန်(ကျား၊ မ)၊ အမြင့်ခုန်(ကျား/ မ) အပြေးပြိုင်ပွဲတွင် မီတာ(၁၀၀၊ ၂၀၀၊ ၄၀၀၊ ၈၀၀၊ ၁၅၀၀၊ ၃၀၀၀ နှင့် ၁၀၀×၄၊ ၈၀၀×၄)ကစားနည်းများဖြင့် လူရွေးချယ်သွားမည်ဖြစ်ကြောင်း၊ အားကစားနည်းကဏ္ဍ အသီးသီးတွင် ရွေးချယ်ခံရသူများသည် ခရိုင်အဆင့်​လူရွေးချယ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

ခွန်အာကာစိုး (ပြန်/ ဆက်)