သတင်းများ

သံတောင်ကြီးမြို့နယ် (Community Centre) ခန်းမတွင် Book Club များက စာဖတ်ဝိုင်းကျင်းပ
Dec 14,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်း၏အကျိုးကျေးဇူးသိရှိလာစေရန်နှင့် အသိပညာဗဟုသုတကြွယ်ဝလာစေရန်ရည်ရွယ်ပြီး Book Club အဖွဲ့ဝင်များက စာရေးဆရာ နိုက်၏သမီးနှင့် သားသို့ပေးစာများစာအုပ်ကို ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က သံတောင်ကြီးပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သာကေတမြို့နယ်ရှိ အသက် (၅) နှစ်မှ (၁၁) နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(ဒုတိယအကြိမ်) ထိုးနှံဆောင်ရွက်
Dec 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းနေ အရွယ်ကလေးများ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကင်းဝေး၍ ပညာသင်ကြားနိုင်ရေးအတွက် အသက် (၅)နှစ်မှ (၁၁) နှစ်အတွင်းရှိ ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Phase-18 အဖြစ် (pifizer Vaccine)  ထိုးနှံခြင်း လုပ်ငန်းအားဆက်လက်ဆောင်ရွက်ခဲ့ရာ ယနေ့နံနက် (၉:၀၀)နာရီ က၇/အနောက်ရပ်ကွက်၊ ဇိမာရ်မာန်အောင် စေတီ တော်ဝင်းအတွင်းရှိ အောင်တော်မူတန်ဆောင်းစုရပ်၌ ကျောင်းပပြင်သင်ပညာရေးကျောင်းများမှ အသက် (၅)နှစ် မှ(၁၁)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ (၁၅၀)ဦး တို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်) (pifizer Vaccine )အား ဆက်လက် ထိုးနှံဆောင်ရွက်ခဲ့သည်။
အ.ထ.က (၁)ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေရန် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Dec 14,2022
နိုင်ငံတော်မှ လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတကာနှင့်အညီ ပညာရေးကဏ္ဍကို အထူးအလေးပေး ဖော်ဆောင်ပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေ ဗဟုသုတများ ကြွယ်ဝစေရန်၊ လူငယ်လူရွယ် ကျောင်းသား၊ ကျောင်းသူများအား ဘက်စုံထူးချွန် ဖွံ့ဖြိုးတိုးတက်စေရန်၊ ဘဝရည်မှန်းချက်ပန်းတိုင်များ ကောင်းမွန်စွာ လျှောက်လှမ်းနိုင် ကြစေရန် ရည်ရွယ်ချက်တို့ဖြင့် ယမန်နေ့နံနက် ၁၀နာရီ၃၀မိနစ်တွင် အ.ထ.က(၁) ကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပညာရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီ အသင်းတို့က ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့သည်။
သံတောင်ဒေသရှိ ရော်ဘာစိုက်ပျိုးသူတောင်သူများ ရော်ဘာအစေးလှီးခြင်းလုပ်ငန်း တွင်ကျယ်စွာဆောင်ရွက်လျက်ရှိ
Dec 14,2022
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်ဒေသရှိ ရော်ဘာစိုက်ပျိုးသူတောင်သူများ ယခုအခါ အစေးလှီးခြင်းနှင့် ရော်ဘာပြားများထုတ်လုပ်ခြင်းလုပ်ငန်း တွင်ကျယ်စွာဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ယခင်လများက ရော်ဘာအစေးလှီးခြင်းလုပ်ငန်းတွင် အရည်အသွေးပေါ်မူတည်၍ ရော်ဘာတစ်ပေါင်လျှင် ကျပ် (၁၀၀၀)မှ (၁၁၀၀)ထိရရှိကြောင်း သိရသည်။
ထန်းတပင်မြို့နယ်တွင် ကျောင်းသားအားကစားပွဲတော်အတွက် မြို့နယ်အဆင့်လူရွေးချယ်ပွဲ ပြုလုပ်နေ
Dec 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၌ ဒီဇင်ဘာလ(၁၄)ရက်နေ့၊ နံနက်ပိုင်းက ကျောင်းသား အားကစားပွဲတော်တွင် ပါဝင်နိုင်ရေးအတွက် အသက်(၁၇) နှစ်အောက် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်အဆင့်လူရွေးချယ်ပွဲကို အ.ထ.က(ထန်းတပင်) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းရှေ့နှင့် မြို့မအားကစားကွင်းတို့တွင် ကျင်းပပြုလုပ်သည်။
မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၂)  အစည်းအဝေးသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း တက်​ရောက်
Dec 14,2022
မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၂)အစည်းအဝေးကို ဒီဇင်ဘာလ ၁၃ ရက်နေ့ ​မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်၀န်ကြီးချုပ်ဦးဇော်လင်းထွန်း ပြည်နာ်အစိုးရအဖွဲ့၀င်၀န်ကြီးများ ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
ကျောက်ဆည်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံတွင် ဇီဝိတဒါနသွေးလှူရှင်အသင်း၏ (၂၁) နှစ် မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းခြင်း အခမ်းအနားကျင်းပ
Dec 14,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် ယနေ့နံနက် (၁၀) နာရီက ဇီဝိတဒါနသွေးလှူရှင်အသင်း၏ (၂၁) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် စုပေါင်းသွေးလှူဒါန်းခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ် တောင်သူများလက်ဝယ်သို့ မြေယာလျော်ကြေးငွေပေးအပ်
Dec 14,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးမြေနေ ရာအသုံးပြုထားသည့် မြေနေရာအတွက် ညောင်ဦးမြို့နယ်တောင်သူများ လက်ဝယ်သို့ မြေယာလျော် ကြေးငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ညောင်ဦးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ရုံးခန်းတွင် မြေယာ လျော်ကြေးငွေ ပေးအပ်ပွဲခဲ့ကြောင်း သိရသည်။