ပုဗ္ဗသီရိ ဒီဇင်ဘာ ၁၄
ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ညနေ (၃) နာရီအချိန်က ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့သည်။
ရှေးဦးစွာ ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်က အဖွင့်အမှာစကား ပြောကြားပြီး နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန္ဒာစိန်က ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီ၏ လုပ်ငန်းဆောင်ရွက်နေမှုများဖြစ်သည့် သက်ငယ်မုဒိမ်း၊ ကလေးအလုပ်သမားပပျောက်ရေးနှင့် လေလွင့်ကလေးငယ်များ လျော့နည်း ပပျောက်ရေးတို့ကိုရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် မြို့နယ်ကော်မတီတွင်ပါဝင်သည့် သက်ဆိုင်ရာဌာနအသီးသီးမှကော်မတီဝင်များက ပူးပေါင်းဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သားငယ် ( ပုဗ္ဗသီရိ)