ကျောက်တံခါးမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်
Dec 14,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ပူးပေါင်း၍ အခြေခံပညာအထက်တန်း(အင်ကုန်း)ကျောင်း ပညာရတနာခန်းမတွင် ယနေ့နံနက် (၁၀)နာရီအချိန်က “လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ” ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။