စဉ့်ကူးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကျင်းပ

စဉ့်ကူး ဒီဇင်ဘာ ၁၄

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို စဉ့်ကူးမြို့အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမတွင် ယမန်နေ့ နေ့လယ် ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် စဉ့်ကူးမြို့ မြို့မရဲစခန်းမှူး ဒုရဲမှူးမောင်မောင်စိန်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရန်အချက်များနှင့် ပြစ်မှုပြစ်ဒဏ်များ၊ ယာဉ်နှင့်ပတ်သက်သည့်မှုခင်းများ၊ ကျောင်းသား/ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် သိမှတ်ဖွယ်ရာများ စသည်တို့ကို အသိပညာပေးဟောပြောခဲ့သည်။

အဆိုပါဟောပြောပွဲသို့ စဉ့်ကူးမြို့ မြို့မရဲစခန်းမှူး ဒုရဲမှူးမောင်မောင်စိန်၊ စဉ့်ကူးမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သီတာထွန်းနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

တင်ဇာလွင်