မန္တလေး နိုဝင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် တိုင်းဒေသကြီးအတွင်းရှိဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေး စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က အဆိုပါဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဝေဝေဖြိုးက သင်တန်းတက်ရောက်ကြသည့် မန္တလေးတိုင်းဒေသကြီးအတွင်းမှ ခရိုင်၊ မြို့နယ်အသီးသီးရှိ ဝန်ထမ်းများအား အဖွင့်အမှာစကားပြောကြားပြီးနောက် လုပ်ငန်းခွင်ဆိုင်ရာ အကြောင်းအရာများ၊ သတင်းအချက်အလက်နှင့် နည်းပညာအကြောင်း၊ ပြည်သူ့ဆက်ဆံရေး ဆိုင်ရာအကြောင်းအရာများ စသည်တို့အား ရှင်းလင်းပြောကြားပို့ချခဲ့သည်။ သင်တန်းတွင် မီဒီယာဆက်ဆံရေးနှင့်ပြည်သူ့ဆက်ဆံရေး၊ မီဒီယာနှင့်သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုမူဘောင်နှင့် ဂေဟစနစ်၊ Facebook page လုပ်ငန်း၊ ဗီဒီယိုသတင်း ရိုက်ကူးတည်းဖြတ်ပေးပို့နည်း၊ ငွေစာရင်းထိန်းသိမ်းနည်း၊ ပြည်သူ့စာကြည့်တိုက် page လုပ်ငန်း၊ စာကြည့်တိုက်အဆင့်မြှင့်တင်ခြင်းလုပ်ငန်း၊ အသိပညာပေးလုပ်ငန်းများ၊ Community Centre လုပ်ငန်းများ၊ ရုံးစာရေးသားနည်းတို့အား တာဝန်ရှိသူများက ပို့ချဆွေးနွေးပေးမည်ဖြစ်သည်။
အဆိုပါသင်တန်းမှာ နိုဝင်ဘာ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ ၃ ရက်တာ ဖွင့်လှစ်မည်ဖြစ်ပြီး၊ မန္တလေးခရိုင်အတွင်းမှ ဝန်ထမ်းများတက်ရောက်ခဲ့ကြပြီး၊ ကျန်ခရိုင်၊ မြို့နယ်များမှ ဝန်ထမ်းများသည် online zoom meeting စနစ်ဖြင့် တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဇာနည်ကိုကို