နွားထိုးကြီးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများတွေ့ဆုံဆွေးနွေး

နွားထိုးကြီး ဒီဇင်ဘာ ၁၄      

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်အတွင်း အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ စည်းရုံးရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်း(၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံဆွေးနွေးနိုင်ရန်အတွက် ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ထနှေင်းပင်လဲကျေးရွာနှင့် ဗောဓီကုန်းကျေးရွာတို့မှ ကျေးရွာနေပြည်သူများ ရွာလည်ဓမ္မာရုံတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် အဖွဲ့ဝင်များပါဝင်သော ဌာနဆိုင်ရာအကြီးအကဲများမှ တစ်ဦးချင်းမိတ်ဆက်ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်အား ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ရှင်းလင်းဆွေးနွေးခဲ့သည်။ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိ ဒေါ်ရီရီဝင်းမှ ၂၀၂၃ ခုနှစ်တွင်ပြုလုပ်မည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ PR စနစ်ဖြင့်ဆောင်ရွက်မည့် အစီအစဉ်များအား ပြည်သူများသိရှိစေရန် ရှင်းလင်းဆွေးနွေးခဲ့သည်။ လဝကမှူး ဒေါ်ဥမ္မာမြင့်က ဒေသခံပြည်သူများ အိမ်ထောင်စုပုံစံ ၆၆/၆ ထဲသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်များ စိစစ်ထည့်သွင်းပေးခြင်း၊ ဌာနဆိုင်ရာအကြီးအကဲများမှ မိမိတို့လုပ်ငန်းနှင့်သက်ဆိုင်သော လုပ်ငန်းများအားချပြရှင်းခြင်းနှင့် ရပ်ရွာလူထု၏လိုအပ်ချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန်းအောင်ဇော်