ညောင်တုန်း ဒီဇင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ဆားမလောက်ကျေးရွာရှိ စိုက်ပျိုးရေးဦးစီးဌာန၊ နည်းပညာပြန့်ပွားရေးစင်တာ စံပြစိုက်ကွင်းတွင် ဆီထွက်သီးနှံ (နေကြာ) စိုက်ပျိုးမှုအခြေအနေများ ယမန်နေ့မွန်းလွဲ ၄နာရီခွဲ အချိန်ခန့်က ကွင်းဆင်းကြည့်ရှု ခဲ့သည်။
ကွင်းဆင်းကြည့်ရှုရာတွင် ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးညီညီထွေး၊ မြို့နယ်စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌဦး ကျော်စိုးနှင့် အဖွဲ့ဝင်များက စိုက်ပျိုးရေးဦးစီးဌာန၊ နည်းပညာ ပြန့်ပွားရေးစင်တာ စံပြစိုက်ကွင်းရှိ တောင်သူဦးကျင်လှိုင်၏ လယ်မြေတွင် ဆီထွက်သီးနှံ နေကြာသီးသန့် စိုက်ပျိုးရှင်သန်နေမှု အခြေအနေများအား ကြည့်ရှုအားပေးခဲ့ပြီး ခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်နှင့် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ညောင်တုန်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၄၅)အုပ်စုတွင် နေကြာ(သီးသန့်) စိုက်ဧက ၁၀၂၆၉ဧက၊ နေကြာ(သီးညှပ်)စိုက်ဧက ၃၄၂၃ဧက၊ ပဲမျိုးစုံ ၇၈၇၈၀ဧက၊ ပြောင်း ၁၃၀၈၈ဧကနှင့် ငရုပ် ၂၄၇၀ဧက စိုက်ပျိုးရန် လျာထားကြောင်း မြို့နယ် သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီမှ သိရသည်။
ထက်ဝေဖြိုး(ပြန်ဆက်)