ညောင်ဦးမြို့နယ် တောင်သူများလက်ဝယ်သို့ မြေယာလျော်ကြေးငွေပေးအပ်

ညောင်ဦး  ဒီဇင်ဘာ  ၁၄

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးမြေနေ ရာအသုံးပြုထားသည့် မြေနေရာအတွက် ညောင်ဦးမြို့နယ်တောင်သူများ လက်ဝယ်သို့ မြေယာလျော် ကြေးငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ညောင်ဦးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ရုံးခန်းတွင် မြေယာလျော်ကြေးငွေ ပေးအပ်ပွဲခဲ့ကြောင်း သိရသည်။

မြေယာလျော်ကြေးငွေပေးအပ်ပွဲ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့၊ ညောင်ဦးမြို့နယ် စည်ပင် သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးရဲနိုင်နှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ပြီး အသုံးပြုထား မြေနေရာသည် ညောင်ဦးမြို့နယ် ကုန်းတန်းကြီးကျေးရွာအုပ်စု၊ သန့်စင်ကြယ်ကျေးရွာ ကွင်းအ မှတ် (၁၅၃၃)၊ တောင်ရှေ့ကွင်း၊ ဦးပိုင်အမှတ် (၂၃/၂) မြေဧရိယာ (၁.၇၁၈) ဧက ညောင်ဦးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံး မြေနေရာအဖြစ် အသုံးပြုလျက်ရှိသည့် မြေဧရိယာ (၁.၇၁၈) ဧကအား မူလမြေပိုင်ရှင်တောင်သူများထံသို့ မြေဧရိယာ တစ်ဧကလျှင် ငွေကျပ် (၁၂၅) သိန်းနှုန်းဖြင့် လျော်ကြေးပေးချေရန်အတွက် မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ မြေဧရိယာ (၁,၇၁၈) ဧကအတွက် မြေယာလျော်ကြေးငွေ (၂၁,၄၇၅,၀၀၀/) ကျပ်၊ (ကျပ်နှစ်ရာတစ်ဆယ်လေးသိန်းခုနှစ်သောင်းငါးထောင်တိတိ) အား မူလမြေပိုင်ရှင် တောင်သူ ဦးလှရွှေထံသို့ အသိသက်သေများရှေ့မှောက်တွင် မြေယာလျော်ကြေးပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုကြေးမုံ