ထန်းတပင်မြို့နယ်တွင် ကျောင်းသားအားကစားပွဲတော်အတွက် မြို့နယ်အဆင့်လူရွေးချယ်ပွဲ ပြုလုပ်နေ

ထန်းတပင်(ရန်ကုန်) ဒီဇင်ဘာလ ၁

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၌ ဒီဇင်ဘာလ(၁၄)ရက်နေ့၊ နံနက်ပိုင်းက ကျောင်းသား အားကစားပွဲတော်တွင် ပါဝင်နိုင်ရေးအတွက် အသက်(၁၇) နှစ်အောက် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်အဆင့်လူရွေးချယ်ပွဲကို အ.ထ.က(ထန်းတပင်) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းရှေ့နှင့် မြို့မအားကစားကွင်းတို့တွင် ကျင်းပပြုလုပ်သည်။

မြို့နယ်အဆင့်လူရွေးချယ်ပွဲကိုလည်း မြို့နယ်ပညာရေးမှူးရုံးမှ ဦးစီးကာ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အခြေခံပညာကျောင်း (၂၁)ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း (၄) ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူ (၄၂၀)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခဲ့ကြသလို ရွေးချယ်ခံရသည့်ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း ခရိုင်အဆင့်လူရွေးပွဲသို့ထပ်မံ၍ ဝင်ရောက်ကာအရွေးချယ်ခံရမည်ဖြစ်ကြောင်းသိရသည်။

ရွေးချယ်ရာတွင်လည်း (၁၀၀)မီတာ၊ (၄၀၀)မီတာ၊ (၈ဝဝ)မီတာနှင့် (၁၅ဝဝ)မီတာ အပြေးပြိုင်ပွဲ၊ အလျားခုန်၊ အမြင့်ခုန်၊ သုံးဆင့်ခုန်၊ သံလုံးပစ်၊ သံပြားပစ်၊ ဘောလုံး၊ ဘောလီဘောနှင့် ပိုက်ကျော်ခြင်း အားကစားနည်းများဖြင့် လူရွေးချယ်ပွဲကို ကျင်းပပြုလုပ်ကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်(ပြန်/ ဆက်)