သံတောင်ဒေသရှိ ရော်ဘာစိုက်ပျိုးသူတောင်သူများ ရော်ဘာအစေးလှီးခြင်းလုပ်ငန်း တွင်ကျယ်စွာဆောင်ရွက်လျက်ရှိ

သံတောင်ကြီး ဒီဇင်ဘာ ၁၄

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်ဒေသရှိ ရော်ဘာစိုက်ပျိုးသူတောင်သူများ ယခုအခါ အစေးလှီးခြင်းနှင့် ရော်ဘာပြားများထုတ်လုပ်ခြင်းလုပ်ငန်း တွင်ကျယ်စွာဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ယခင်လများက ရော်ဘာအစေးလှီးခြင်းလုပ်ငန်းတွင် အရည်အသွေးပေါ်မူတည်၍ ရော်ဘာတစ်ပေါင်လျှင် ကျပ် (၁၀၀၀)မှ (၁၁၀၀)ထိရရှိကြောင်း သိရသည်။

ယခုနိုဝင်ဘာလဆန်းမှစ၍ ရော်ဘာအစေးလှီးခြင်းလုပ်ငန်းလုပ်ကိုင်သူတောင်သူများ ပိုမိုများပြားထုတ်လုပ်လာ၍ ရော်ဘာဈေးနှုန်းအနည်းငယ်ကျဆင်းသွားသော်လည်း ရော်ဘာအစေးလှီးခြင်းလုပ်ငန်းသည် စိုက်ပျိုးသူတောင်သူများအတွက် ပုံမှန်ဝင်ငွေရရှိခြင်းကြောင့် နေ့စဉ်ပုံမှန်ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ရော်ဘာတစ်ပေါင်လျှင် ကျပ်(၇၀၀)မှ(၈၀၀)အထိရရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)