သံတောင်ကြီး ဒီဇင်ဘာ ၁၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်း၏အကျိုးကျေးဇူးသိရှိလာစေရန်နှင့် အသိပညာဗဟုသုတကြွယ်ဝလာစေရန်ရည်ရွယ်ပြီး Book Club အဖွဲ့ဝင်များက စာရေးဆရာ နိုက်၏သမီးနှင့် သားသို့ပေးစာများစာအုပ်ကို ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က သံတောင်ကြီးပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်နော်လော်မူက စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး နော်ခိုင်ခင်ထက် (Book Club) အဖွဲ့ဝင်က စာအုပ် ပါအကြောင်းအရာတွင် ခေါင်းစဉ်ငယ်ဖြစ်သည့် အမေရိကန်ချွေးမ၊ မန်းတောင်ရိပ်ခို၊ မိတ်ဆွေများ၊ ကုန်လွယ်လွန်းလိုက်တာ၊ ကိုယ့်ပန်းဝတ်ကျင်၊ စိတ်ဂိုးသွင်းခြင်း စသည့် အကြောင်းအရာများကို ဖတ်ကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး စောဂေမူး (Book Club) အဖွဲ့ဝင်က ပညာသင်ယူမယ်၊ ဂိုင်ဂတ်(စ်)၊ ကိုယ်ပျောက်လက် စသွပ်နဲ့ရွဲကုန်သည်၊ ဗယ်လင်တိုင်းနေ့ဆိုတာဟာ၊ ထူးချွန်ဖို့၊ အောင်မြင်ဖို့၊ ကြီးပွားဖို့ စသည့်အကြောင်းအရာများကို ဖတ်ကြားဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် Book Club အဖွဲ့ဝင်များက စာအုပ်ပါကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
နော်နော်မူ