သာကေတမြို့နယ်ရှိ အသက် (၅) နှစ်မှ (၁၁) နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(ဒုတိယအကြိမ်) ထိုးနှံဆောင်ရွက်

သာကေတ  ဒီဇင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းနေ အရွယ်ကလေးများ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကင်းဝေး၍ ပညာသင်ကြားနိုင်ရေးအတွက် အသက် (၅)နှစ်မှ (၁၁) နှစ်အတွင်းရှိ ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Phase-18 အဖြစ် (pifizer Vaccine)  ထိုးနှံခြင်း လုပ်ငန်းအားဆက်လက်ဆောင်ရွက်ခဲ့ရာ ယနေ့နံနက် (၉:၀၀)နာရီ က၇/အနောက်ရပ်ကွက်၊ ဇိမာရ်မာန်အောင် စေတီ တော်ဝင်းအတွင်းရှိ အောင်တော်မူတန်ဆောင်းစုရပ်၌ ကျောင်းပပြင်သင်ပညာရေးကျောင်းများမှ အသက် (၅)နှစ် မှ(၁၁)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ (၁၅၀)ဦး တို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်) (pifizer Vaccine )အား ဆက်လက် ထိုးနှံဆောင်ရွက်ခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံခြင်းလုပ်ငန်းအား  မြို့နယ်ကျန်းမာရေးဌာနနှင့် အခြေခံပညာဦးစီးဌာန တို့မှပူးပေါင်းကာရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့များ၊ ပရဟိတလူမှုကူညီရေးအသင်း၊ ကျောင်းကော် မတီဝင်များမှ ဆေးထိုးနှံမည့် ကျောင်း သား၊ ကျောင်းသူများအား အပူချိန်တိုင်းခြင်း၊ ဖျားနာခြင်း ရှိ၊ မရှိ၊ ကာကွယ်ဆေးများ ထိုးနှံထားခြင်းရှိ၊ မရှိ၊ စနစ်တကျ စစ်ဆေးပြီး ဆေးထိုးအဖွဲ့ (၂)ဖွဲ့ဖြင့် ထိုးနှံဆောင်ရွက်ခြင်း ကိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင် များမှကြည့်ရှု့ပြီး လိုအပ်သည်များ ပေါင်း စပ်ညှိနှိုင်း ဆောင်ရွက်ခဲ့သည်။

သာကေတမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်း (၄၆)ကျောင်း၊ အလယ်တန်း (၆) ကျောင်း၊ အထက်တန်း (၆)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၇)ကျောင်း၊ ပုဂ္ဂလိကပညာရေးကျောင်း (၈) ကျောင်းရှိ ဦးတည်အုပ်စုအလိုက်ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံရန်ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်ထိုးနှံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ ဆက်)