မဟာအောင်မြေမြို့နယ်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့်ဒေသ ဖွံဖြိုးရေးအတွက် ရပ်ကွက်နေပြည်သူများနှင့်တွေ့ဆုံပွဲအခမ်းအနား ကျင်းပ

မဟာအောင်မြေ ဒီဇင်ဘာ  ၁၅

မဟာအောင်မြေမြို့နယ် ဌာနဆိုင်ရာများ ပါဝင်သည့် စစ်ကြောင်းကြီး(၅)ကြောင်းအဖွဲ့သည် မဟာအောင်မြေမြို့နယ်၊စကြာနွယ်စဥ်ရပ်ကွက် လက်ပံတန်းဓမ္မာရုံ၌ အင်အား (၇၀)ဦးခန့်ဖြင့်လည်းကောင်း၊  ဟေမမာလာမြောက်ရပ်ကွက်၊ ဟေမမာလာမြောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ အင်အား(၅၀)ဦးခန့်ဖြင့် လည်းကောင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံဖြိုးရေးအတွက် ရပ်ကွက်နေပြည်သူများနှင့်တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မြင့်ဦး၊  အဖွဲ့ဝင်(၁)ဗိုလ်မှုး ဆွေလွင်အောင်၊ အဖွဲ့ဝင်(၃) ဦးမောင်မောင်ကြိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကျော်မြဝင်း၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဦးရဲမင်းလွင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာချောချောနိုင်၊ မြို့တော်စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာနမှဌာနစုမှူး ဦးဇော်မင်းဦး၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးမင်းထွန်း၊ မြို့နယ်ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးဇော်ဇော်ဦး၊  မြို့နယ်မီးသတ် ဦးစီးဌာန ဒုဦးစီးမှူး ဦးနေလင်းအောင်၊ ရပ်မိ/ရပ်ဖ၊ ရာအိမ်မှူးများ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ရပ်ကွက်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးကိစ္စရပ်များ ဆွေးနွေးခြင်း၊ လာမည့်ရွေးကောက်ပွဲတွင်ကျင့်သုံးမည့် PR စနစ်အား အကျဥ်းချုပ် ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးမှ အသင်းအဖွဲ့ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေအားရှင်းလင်းပြောကြားခဲ့ပြီး အကြမ်းဖက်အဖွဲ့ အစည်းများနှင့်ပတ်သက်ဆက်နွှယ်မှုမရှိစေရေးနှင့် အကြမ်းဖက်လုပ်ရပ်များနှင့်ပတ်သက်၍ သတင်းရရှိပါက သတင်းပေပို့ရေး ဆွေးနွေးပြောကြားခြင်း၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိမှ ရွေးကောက်ပွဲနှင့်ပတ်သက်သည် PR စနစ်ဖြင့် ဆောင်ရွက်မည့်ရွေးကောက်ပွဲ ဆိုင်ရာကိစ္စရပ်များအားအသေးစိတ် ချပြရှင်းလင်းခြင်း၊ အဖွဲ့ဝင်(၃)မှ နိုင်ငံသားများ မှတ်ပုံ တင် ပြုလုပ်ရေး၊ ပုံစံ(၆၆/၆)များ ပြုလုပ်ရေးဆွေးနွေးပြောကြားခြင်း၊  မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးမှ ပြည်သူများ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များအား ချပြရှင်းလင်းခြင်းခဲ့ရာ တက်ရောက်လာသည့်ပြည်သူများမှ လိုအပ်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တင်ပြမှုအပေါ် သက်ဆိုင် ရာဌာနဆိုင်ရာတာဝန်ရှိသူများမှ ရှင်းလင်းဖြေကြားခဲ့ ကြောင်းသိရသည်။

အောင်ဇော်မင်း