ရွှေပြည်သာမြို့နယ် အ-ထ-က(၄)၌ လူငယ်စကားဝိုင်းကျင်းပ

ရွှေပြည်သာ ဒီဇင်ဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် လူငယ်များအသိပညာ၊ အတတ်ပညာများဖွံဖြိုးတိုးတက်စေရန်၊ ထူးချွန်ထက်မြက်သည့် လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်တတ်သည့် အလေ့အကျင့်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်(၁၀)အချိန်က အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပခဲ့‌သည်

လူငယ်စကားဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောပြီး အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်အုပ်ဆရာကြီး ဦးဝင်း‌ဇော်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ ဦးဆောင်ဆွေးနွေးသူများအဖြစ် ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်နှင့် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြဆရာ ဦးကြည်လွင်သိန်းတို့က ပါဝင်ဆောင်ရွက်ခဲ့ပြီး အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း (Gread-10)မှ‌မောင်မြင့်မြတ်သူက လူငယ်နှင့်အားကစားကစား(Gread-11)မှ မ‌အိသဥ္ဇာကျော်က လူငယ်နှင့်ယဉ်ကျေးမှု(Gread-10)မှ မအင်ကြင်းမေကလူငယ်နှင့်ကျန်းမာရေး(Gread-10)မှ မနေခြည်လင်းက လူငယ်နှင့်စာပ( Gread-10)မှ မောင်ရဲ‌သော်ဆွေက လူငယ်နှင့်နည်းပညာ၊ (Gread-10)မှ မောင်နန္ဒမင်းဟိန်းနွယ်က လူငယ်နှင့်ပညာရေးစသည့် ခေါင်းစဉ်အလိုက် ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာကြသော ကျောင်းသား/ သူများက

သိရှိလိုသည်များကို မေးမြန်းကြရာ ဆွေးနွေးသူများ ပြန်လည်ဖြေကြားခဲ့ကြသည်။ အဆိုပါလူငယ်စကားဝိုင်းသို့ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ သူများ တက်ရောက်ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော သုတ/ ရသစာအုပ်များ၊ အသိပညာပေး နံရံကပ်စောင်များကို စိတ်ဝင်စားစွာ လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

နေမျိုးထွန်း(ပြန်/ ဆက်)