မိုးကုတ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ ဆက်လက် တွေ့ဆုံဆွေးနွေး

မိုးကုတ်  ဒီဇင်ဘာ ၁၅        

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်အတွင်း အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ စည်းရုံးရေး၊ လူမှုရေးနှင့်ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင့်ကျော် ဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာ(၂၇)ဦး ပါဝင်သော စစ်ကြောင်း(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးနိုင်ရန်အတွက် ယမန်နေ့က နံနက် ၉ နာရီခွဲအချိန်က  ကသဲကျေးရွာအုပ်စု၊ ဘုရားသုံးဆူ အလယ်တန်းစာသင်ကျောင်း၊  နေ့လယ် ၁ နာရီအချိန်တွင် ပြောင်းပြင်ကျေးရွာ အုပ်စု၊ ပြောင်းပြင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့်  မွန်းလွဲ ၃ နာရီအချိန်တွင် တောင်ဒွန်း ကျေးရွာအုပ်စု၊ တောင်ဒွန်းလူမှုရေးခန်းမတို့၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင့်ကျော်နှင့် အဖွဲ့ဝင်များပါဝင်သော ဌာနဆိုင်ရာ အကြီးအကဲများမှ ဒေသခံပြည်သူများအား ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်()ရပ် နှင့် ဦးတည်ချက်များ၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းများ၊ ဧည့်စာရင်းများ မပျက်မကွက် တိုင်ကြားရန်ကိစ္စရပ်များ၊ ရွေးကောက်ပွဲတွင် ပြောင်းလဲကျင့်သုံးမည့် Proportional. Representative (PR)အား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး၊ မှတ်ပုံတင်ပြုလုပ်ခြင်း၊ အိမ်ထောင်စု ပြုလုပ်ခြင်း၊ ကိုဗစ် ၁၉ရောဂါ ကာကွယ်ဆေးများထိုးနှံနိုင်ရေးနှင့် အခမဲ့ပညာသင် ကြားရေးစနစ်နှင့် ကျောင်းနေအရွယ်ကလေးများ ကျောင်းတက်နိုင်ရေးတို့နှင့်စပ်လျဥ်းပြီး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင့်ကျော်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲ များပါဝင်သည့် ကွင်းဆင်းအဖွဲ့သည် တက်ရောက်လာသည့်  ပြည်သူများမှ တင်ပြသော ရေချိုရရှိ စေရေး၊ ရပ်ရွာအတွင်းလမ်းကောင်းမွန်စေရေး၊ လမ်းရရှိရေး၊ လျှပ်စစ်မီးရရှိစေရေး အသီးသီး တင်ပြမှုအပေါ်  သက်ဆိုင်ရာတာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပြီး  ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲများကိုလည်း ဆက်​လက်ဆောင်ရွက်သွားမည်ဟု သိရသည်။

ကြည်ကြည်နွဲ့(ပြန်/ဆက်)