ညောင်ရွှေ ဒီဇင်ဘာ ၁၅
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံးသည် ပညာရေးဌာနနှင့် ပူးပေါင်း၍ အခြေခံပညာကျောင်းသား၊ ကျောင်းသူလေးများ အသိပညာဗဟုသုတတိုးပွားစေရန်၊ ယှဉ်ပြိုင်ခြင်းအလေ့အထကောင်းများ ရရှိလာစေရန်နှင့် အချင်းချင်းကူညီရိုင်းပင်းခြင်း အလေ့အထကောင်းများ ရရှိလာစေရန်အတွက် ပြပွဲပြိုင်ပွဲများ၊ ဟောပြောပွဲများ၊ သင်တန်းများကို အခါအားလျော်စွာ ဆောင်ရွက်ပေးလျက်ရှိရာ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ကျပန်းစကားပြောပြိုင်ပွဲကို ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက်(၉)နာရီက ညောင်ရွှေမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်း အကဲဖြတ်အမှတ်ပေးဒိုင်ချုပ်နှင့် ဒိုင်အဖွဲ့ဝင်များ အခြေခံပညာကျောင်းအသီးသီးမှ ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများ အုပ်ချုပ်သူဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံး ဦးစီးအရာရှိ ဦးနေမျိုးသူရိန်က ကျပန်းစကားပြောပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အမှတ်ပေးဒိုင်ချုပ် အငြိမ်းစာကျောင်းအုပ်ဆရာကြီး ဦးသောင်းဖေက ပြိုင်ပွဲအမှတ်ပေးစည်မျဉ်းများကို ရှင်းလင်းပြောကြားပေးခဲ့သည်။
ထို့နောက် အခြေခံပညာကျောင်းအသီးသီးမှ ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူလေးများက မိမိတို့ပါဝင်ယှဉ်ပြိုင်ရမည့် ခေါင်းစဉ်အလိုက် မဲနှိုက်၍ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲအပြီးတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူလေးများအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ