မိုင်းဖြတ် ဒီဇင်ဘာ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာပေ ချစ်မြတ်နိုးသူများအသင်း(Book Club)နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ စာဖတ်ဝိုင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စာပေချစ်မြတ်နိုးသူများအသင်း (Book Club)ဥက္ကဋ္ဌ ဦးမျိုးတင့်က စာဖတ်သည့်သူတိုင်းသည့် တိုးတက်ကြပြီး တိုးတက်သည့်သူတိုင်းသည် စာဖတ်ကြကြောင်း၊ စာတွေ့ပြီးမှသာ လက်တွေ့အသုံး ချနိုင်ခြင်းဖြစ်ကြောင်းနှင့်စပ်လျဉ်းပြီး အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှောလမွန်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် စာရေးဆရာမောင်မင်းစိုး၏ လူငယ်နဲ့လူမှုရေး(လူငယ်လမ်းညွှန်ဆောင်းပါး) မိတ်ဆက်နိဒါန်းစကားကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စာရေးဆရာ မောင်မင်းစိုးရေးသားထားသည့် လူငယ်နဲ့လူမှုရေးစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့အတွင်းရေးမှူး ဒေါ်တင်မာလွင်က လူငယ်နဲ့ အယုံလွယ်ခြင်းခေါင်းစဉ်ဖြင်လည်းကောင်း၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးစိုင်းလောင်ခေးက လူငယ်နဲ့လောဘခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာပေချစ်မြတ်နိုးသူများအသင်(Book Club) အတွင်ရေးမှူး ဦးအောင်မြတ်မိုးက လူငယ်နဲ့အသိစိတ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရာဇာဝင်းထွန်းက လူငယ်နဲ့စိုးရိမ်စိတ် ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဖတ်ကြားခဲ့ပြီး စာပေအရေးအသားများကို ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)