ပန်းတောင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာဖတ်ဝိုင်းကျင်းပ

ပန်းတောင်း   ဒီဇင်ဘာ   ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)၌  စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)နှင့် စာဖတ်ဝိုင်းကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ယနေ့နံနက်(၉)နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာပန်းတောင်းမြို့နယ်၊ မြို့နယ်ဦးစီးမှူးဒေါ်သင်းသင်းအေးက စာပေကိုချစ်မြတ်နိုးသူများအနေဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ မပျောက်ပျက်စေရန်၊ စာပေကို ချစ်မြတ်နိုးသူများအချင်းချင်း ချစ်ခင်ရင်းနှီးမှု ပိုမိုရရှိစေရန်နှင့်စာပေကို တန်ဖိုးထားမြတ်နိုးတတ်စေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်းပြောကြားခဲ့ပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club ဥက္ကဋ္ဌ ဦးလှကျော်က စာရေးဆရာ ဦးထွန်းလှရေးသားထားသော ကောင်းကျိုးမပေးသည့် ဝန်တိုမစ္ဆရိယစာအုပ်ပါအကြောင်းအရာများနှင့်ပတ်သက်၍ ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် စာပေမြတ်နိုးသူများကလည်း ၎င်းတို့၏ အတွေးအမြင်များကို  အသီးသီး အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ယခုလို စာပေချစ်မြတ်နိုးသူများအဖွဲ့(Book Club)နှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပန်းတောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)၌ လစဉ်ပြုလုပ်ဆောင်ရွက်ကြောင်း သိရသည်။

သင်းသင်းအေး(ပြန်/ဆက်)