အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေး ဆက်လက်ရောင်းချပေး

တမူး ဒီဇင်ဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်များအား စျေးနှုန်းသက်သာစွာဖြင့် အပတ်စဉ်ရောင်းချပေးလျက်ရှိရာ ဒီဇင်ဘာလ(၁၅)ရက်နေ့ နံနက်(၈)နာရီအချိန်က မြို့မရပ်ကွက်ရှိ လောကတ္ထစရိယ လူမှုကူညီရေးအသင်းရုံးရှေ့တွင်  ဆက်လက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ရောင်းချရာတွင် ဒေသခံပြည်သူများအား နေ့စဉ်လူမှုဘဝ စားသောက်ရေးတွင် အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ အိမ်ထောင်စု တစ်စုအတွက်  ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ပဲ၊ ကြာဇံနှင့်ဟင်းသီး ဟင်းရွက်များပါ အခြေခံစားသောက်ကုန်(၈)မျိုးကို  အိမ်ထောင်စု (၃၀၀) စုတို့အား ပြင်ပပေါက်စျေးထက် ဈေးနှုန်းသက်သာစွာဖြန့်ဖြူး  ရောင်းချပေးခဲ့သဖြင့် ဝယ်ယူသူ အိမ်ထောင်စုများကလည်း ဝမ်းမြောက်လျက်ရှိကြကြောင်း သိရသည်။

စျေးလာဝယ်ကြသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်​​ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ လိုက်နာမှုရှိစေရေးအတွက် နှာခေါင်းစည်း (mask)များ ဖြန့်ဝေပေးခဲ့ကြပြီး ပြည်သူများအဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​အောင်ကျော်မိုးနှင့် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များမှ ကြီးကြပ်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရတနာ