ရွှေကျင်မြို့တွင် စာရေးဆရာမ မစန္ဒာရေးသားသည့် "ဂျိန်းဂျိန်းဂျုတ်ဂျုတ် ဂျိန်းဂျုတ်ဂျုတ်" စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ

ရွှေကျင်  ဒီဇင်ဘာ  ၁၅

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၁၀နာရီက စာရေးဆရာမ မစန္ဒာရေးသားသည့် "ဂျိန်းဂျိန်းဂျုတ်ဂျုတ် ဂျိန်းဂျုတ်ဂျုတ်" စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သဲစုအောင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ အကျိုးကျေးဇူး၊ ရည်ရွယ်ချက္များကိုပြောကြားပြီး စာအုပ်တွင်ပါရှိသော "အခန်း(၁)နှင့် အခန်း(၂)"ကိုလည်းကောင်း၊ (Book Club) အဖွဲ့ဝင် ဦးရဲမင်းက "အခန်း(၃)နှင့် အခန်း(၄)" ကိုလည်းကောင်း၊ (Women Club) အဖွဲ့ဝင် ဒေါ်‌မို့မို့သွင်က "အခန်း(၅)နှင့် အခန်း(၆)" ကိုလည်း‌‌ကောင်း၊ ဒေါ်‌ထွေးကြည်က "အခန်း(၇)နှင့်အခန်း(၈)" ကိုလည်းကောင်း အသီးသီး ဖတ်ကြား ဆွေးနွေးခဲ့ကြရာ တက်ရောက်လာသူများမှ စာအုပ်၏ အနှစ်သာရများနှင့် လေ့လာမှတ်သားစရာများဖြစ်သည့် လူ‌နေမှုဘဝအတွေ့အကြုံများ၊ လူမှုဆက်ဆံရေးအပြောအဆို အနေအထိုင်များနှင့်အသိပညာသုတရသ ခံစားရရှိပုံများကို ချပြဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ခြင်းဖြင့် စာဖတ်သူများအနေဖြင့် စာရေးဆရာများ၏ အတွေ့အကြုံများ၊ အသိပညာတို့ကိုရရှိ‌ စေသည့်အပြင် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကိုလည်း ပိုမိုသိရှိနားလည်လာကာ စာဖတ်နှုန်းများ တိုးတက်လာစေရန် ရည်ရွယ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)