(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြိုဟောပြောပွဲနှင့် ပြပွဲ ပြိုင်ပွဲများ ကျင်းပ

ချမ်းမြသာစည်   ဒီဇင်ဘာ  ၁၅      

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်း၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို ဟောပြောပွဲနှင့် ပြပွဲပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီက အဆိုပါ ဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန(Community Centre ) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အကြို ဟောပြောပွဲ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်းက လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ၊ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်း၊အမျိုးသားရေးစိတ်ဓာတ် စသည့်တို့ကို ဟောပြောခဲ့သည်။ ဆက်လက်ပြီး ဒုတိယဦးစီးမှူး ဒေါ်မြင့်ကေသွယ်ခိုင်က ပြိုင်ပွဲများ ကျင်းပရခြင်း ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားခဲ့ပြီးနောက် "လွတ်လပ်ရေးအမွေ" ခေါင်းစဉ်ဖြင့်စာစီစာကုံး ပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပူစီပေါင်း ဖောက်ပြိုင်ပွဲများကို ကျင်းပဆောင် ရွက်ခဲ့သည်။ထို့နောက် ပြိုင်ပွဲများတွင်ဆုရရှိသောကျောင်းသား၊ ကျောင်းသူများအား ဦးစီးအရာရှိဒေါ်ခင်စိမ်း၀င်း၊ အလယ်တန်းပြဆရာမ ဒေါ်ခင်မာမြင့်နှင့် ဒေါ်သူဇာ၀င်းတို့က ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ပြိုင်ပွဲများပြီးနောက် ကျောင်းသား/သူများသည် စာကြည့် တိုက်အတွင်း ခင်းကျင်း ပြသ ထား သော စာအုပ်စာစောင်များအား စိတ်ပါ၀င်စားစွာ ဖတ်ရှုလေ့လာခဲ့ကြသည်။

(၇၅)နှစ်မြောက်လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲနှင့် ပြပွဲပြိုင်ပွဲများကို အမှတ်(၃၁) အခြေခံပညာအထက်တန်းကျောင်းမှ ကြီးကြပ်သူ ဆရာ၊ဆရာမများ၊ ကျောင်းသား/သူများ၊ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခင်စိမ်း၀င်း (မြို့နယ် ပြန်/ဆက်)