မန္တလေးတိုင်းဒေသကြီး၌ ကျင်းပမည့် အသက်(၁၈)နှစ်အောက် ကျောင်းအားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက် ကျောက်ဆည်ခရိုင်မှ အားကစားသမား(၈၁)ဦး ပါဝင်သွားမည်ဖြစ်

ကျောက်ဆည် ဒီဇင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျင်းပပြုလုပ်မည့် အသက်(၁၈)အောက် ဘော်လုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်းပြိုင်ပွဲများနှင့် ပြေးခုန်ပစ် ကျောင်းသားအားကစား ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင် နိုင်ရန်အတွက် ကျောက်ဆည်ခရိုင်မှ အဖွဲ့ခေါင်းဆောင်အပါအဝင် ဒိုင်လူကြီးမျးနှင့် နည်းပြအုပ်ချုပ်သူ(၂၀)ဦး၊ အားကစားသမား(၈၁)ဦး စုစုပေါင်း(၁၀၁)ဦး ဒီဇင်ဘာ (၂၅) ရက်နေ့နံနက်ပိုင်းတွင် သွားရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။  

ကျောက်ဆည်ခရိုင်နေဖြင့် တိုင်းဒေသကြီး အားကစားပြိုင်ပွဲများတွင် ထူးချွန်ထက်မြက်သည့် အားကစားသမားကောင်းများ ရရှိရေးအတွက် ခရိုင်အဆင့် လူရွေးချယ်ခြင်းများကို ဒီဇင်ဘာ(၁၃)ရက်နှင့်(၁၄)ရက်များတွင် ကျောက်ဆည်၊ မြစ်သား၊ စဉ့်ကိုင်၊ တံတားဦးမြို့နယ်များမှ ဘော်လုံးပြိုင်ပွဲတွင် အမျိုးသား(၁၁)ဦး၊ အမျိုးသမီး (၁၁)ဦး၊ ဘော်လီဘော်ပြိုင်ပွဲတွင် အမျိုးသား(၆)ဦး၊ အမျိုးသမီး(၆)ဦး၊ ပြေးခုန်ပစ်ပြိုင်ပွဲများတွင် အမျိုးသား(၇)ဦး၊ အမျိုးသမီး(၇)ဦးနှင့် ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် အမျိုးသား(၃)ဦး အသီးသီးယှဉ်ပြိုင်ခဲ့ကြပြီး ထူးချွန်အားကစားသမားများ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် တိုင်းဒေသကြီး ဘောလုံးအားကစားပြိုင်ပွဲတွင် အမျိုးသား(၁၆)ဦး၊ အမျိုးသမီး(၁၆)ဦး၊ ဘော်လီဘောပြိုင်ပွဲတွင် အမျိုးသား(၁၀)ဦး၊ အမျိုးသမီး(၁၀)၊ ပြေးခုန်ပစ်ပြိုင်ပွဲများတွင် အမျိုးသား(၁၂)ဦး၊ အမျိုးသမီး(၁၂)ဦး၊ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အမျိုးသား(၅)ဦးနှင့် အဖွဲ့ခေါင်းဆောင်(၁)ဦး၊ အဖွဲ့အတွင်းရေးမှူး(၁)ဦး၊ ဒိုင်(၄)ဦးနှင့် နည်းပြ အုပ်ချုပ်သူ(၁၄)ဦး စုစုပေါင်း(၁၀၁)ဦး ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းသည့် လူမှုရေး ဦးတည်ချက်တစ်ရပ်ဖြစ်သည့် တစ်မျိုးသားလုံး ကျန်းမာ၊ကြံ့ခိုင်ရေးနှင့် ပညာရည် မြင့်မားရေးလုပ်ငန်းများ တိုးတက်စေရန်အတွက် အကောင် အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် ပညာရေးဝန်ကြီးဌာန၏ ရည်မှန်းချက်ဖြစ်သော ကျောင်းသား လူငယ်များ အားကစားလှုပ်ရှားမှုများတွင် စဉ်ဆက်မပြတ် လေ့ကျင့်ပြီး ဘက်စုံ ထူးချွန်သည့် ကျောင်းသား/ ကျောင်းသူများ ပေါ်ထွန်းလာရေးအတွက် ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။     

သက်မောင်(ကျောက်ဆည်)