အထက(မိုင်းစိတ်)တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

နမ့်စန်(ဒီဇင်ဘာ ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် ပြန်ကြားရေးဝန်ကြီးဌာန  ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ပူးပေါင်း၍ ဆောင်ရွက်သောလူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀နာရီက မိုင်းစိတ်ကျေးရွာအုပ်စု မိုင်းစိတ်ကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းတွင်ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်က လူငယ်များ စိတ်ဓာတ်ကောင်းမွန်ရေးနှင့် စည်းကမ်းလိုက်နာရေး ၊လူငယ်နှင့်စာရိတ္တ လူငယ်နှင့် ရည်မှန်းချက် လူငယ်များ အကျင့်စာရိတ္တကောင်းမွန်ရေးနှင့်မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး ခေါင်းစဉ်များဖြင့် ပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနမှ အငယ်တန်းစာရေး ဒေါ်မြူးမြူးက လူငယ်နှင့်အားကစား လူငယ်နှင့်မူးယစ်ဆေးအန္တရာယ် စသည့်ခေါင်းစဉ်များဖြင့် အသိပညာပေး ဟောပြောခဲ့ပြီး ကျောင်းသားကျောင်းသူများအတွက် အားကစားပစ္စည်းများပေးအပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီး က လက်ခံရယူခဲ့ပြီးကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆရာ/ ဆရာမများနှင့် ကျောင်းသားကျောင်းသူများကို မူးယစ်ဆေးဝါးအန္တရာယ် ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ၊ စာဖတ်ခြင်း၏အကျိုးကျေးဇူး ၊ သဘာဝဘေးအန္တရာယ်အကြောင်းသိကောင်းစရာ နံရံကပ်စာစောင်များနှင့်ပြန်/ဆက်ဦးစီးဌာန၏ နယ်လှည့်လှုပ်ရှားဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများကို ပြသပေးခြင်း ၊ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ် စာစောင်များ အခမဲ့ငှားရမ်းပေး၍ စာဖတ်ဝိုင်း များပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

 သူရအောင်(ပြန်/ဆက်)