ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး (၁၂) ရေချမ်းအိုး(မြောက်) ဘုန်းကြီးကျောင်း ဓမ္မာရုံတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သောစစ်ကြောင်းကြီး (၅) ကြောင်းနှင့် ဒေသ

ပြင်ဦးလွင် ဒီဇင်ဘာ ၁၆

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး (၁၂)ရေချမ်းအိုး (မြောက်) ဘုန်းကြီးကျောင်း ဓမ္မာရုံတွင် လုံခြုံ ရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ယမန်နေ့နံနက် နာရီအချိန်က ကျင်းပခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင် ဗိုလ်မှူး ပြည့်ဖြိုးဟန်နှင့် ဦးသောင်းမြင့်သိန်း၊  ပြင်ဦးလွင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဝင်း၊  ပြင်ဦးလွင်မြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဝင်း တို့က စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများ ယခုကဲ့သို့ တွေ့ဆုံပွဲကျင်းပ၍ ရပ်ရွာအတွင်း လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးမည့် အစီအမံများအား ဦးစွာအသီးသီး ရှင်းလင်းပြောကြားပြီး မြို့နယ်ရွေကောက်ပွဲကော်မရှင်မှ ဦးစီးအရာရှိကလာမည့်ရွေးကောက်ပွဲတွင် ကျင့်သုံးမည့် အချိုးကျ ကိုယ်စားပြု(Proportional Representation System-PR) စနစ်အကြောင်း သိကောင်းစရာများအား ရှင်းလင်းပြောကြားခြင်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများဖြစ်သည့် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊စိုက်ပျိုး‌ရေးဦးစီးဌာန၊‌ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်လျှပ်စစ်၊ဆည်‌မြောင်း၊‌ ကျေးလက်လမ်းဦးစီးဌာန၊‌ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲ ရေးနှင့်စာရင်းအင်းဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန ၊မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင် ဌာနဆိုင်ရာ မြို့နယ်အဆင့်တာဝန်ရှိသူများက သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်ပေးနေသည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာသည့် ပြည်သူများက ဒေသဖွံ့ဖြိုးရေးစည်ပင်သာယာရေးလုပ်ငန်းများနှင့်ပတ်သက်၍ တင်ပြခဲ့ရာ တာဝန်ရှိသူများက သက်ဆိုင်ရာဌာန အလိုက် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြသည်။

ဆက်လက်၍ စစ်ကြောင်းကြီး (၅)ကြောင်းမှ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ရပ်ကွက်ကြီး (၁၂)မှ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးခြင်း၊ ပုံစံ(၆၆/၆)တွင် မွေးတိုးစာရင်းထည့်သွင်းမှုနှင့်အတိုး/အလျှော့ပြင်ဆင်ခြင်း၊ မီးဘေးအန္တရာယ်ကင်းဝေးစေရေး အသိပညာပေးဆောင်ရွက်ခြင်းနှင့် စည်ပင်သာယာရေးကိစ္စများ ဆောင် ရွက်ပေးခြင်းတို့ကို မွန်းလွဲ(၃)နာရီထိ ဆောင်ရွက်ပေးခဲ့ကြ သည်။ အဆိုပါ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများ နှင့် ရပ်ကွက်ကြီး (၁၂) မှ ပြည်သူများ စုစုပေါင်း (၁၉၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)