ချောက်မြို့မစျေး မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးဆောင်ရွက်

ချောက် ဒီဇင်ဘာ ၁

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့မစျေးကြီးတွင် မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးဆောင်ရွက်ခြင်းကို စျေးတာဝန်ခံ ဦးရဲကြည်ဆွေနှင့် စျေးကော်မတီဝင်များ၊ စျေးဝန်ထမ်းများက စျေးပိတ်ရက် ဥပုသ်နေ့ဖြစ်သည့် ယမန်နေ့နံနက် ၉နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့မစျေးအတွင်း ရေဂါလံ (၂၇၀၀)ဆံ မြေအောက်ရေကန်(၂)ကန်နှင့် ဆက်သွယ်တပ်ဆင်ထားသည့် ရေပိုက်များအား မီးသတ်စက်များဖြင့် ရေစုပ်ပက်ဖြန်း စမ်းသပ်ခြင်းများ ဆောင်ရွက်ခြင်း၊ မီးလောင်လွယ်ကူသည့် အမှိုက်သရိုက်နှင့် မိုးကာ အစုတ်အပြဲများ ရှင်းလင်းဖယ်ရှားခြင်းများ ဆောင်ရွက်ခြင်း၊ စျေးအတွင်း (Fire Point) များ စနစ်တကျရှိစေရေး ဆောင်ရွက်ခြင်း၊ စျေးခေါင်းရုံးအတွင်း သန့်ရှင်းရေးဆောင်ရွက်ခြင်းစသည့် လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

(မြို့နယ်ပြန်/ဆက်)