လွိုင်လင် ဒီဇင်ဘာ ၁၆
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လွိုင်လင်ခရိုင်ရုံးမှ ဝန်ထမ်းများက လွိုင်လင်မြို့နယ်၊ မိုင်းပွန်မြို့၊ ခြေခံပညာအထက်တန်းကျောင်းတွင် နယ်လှည့်စာကြည်တိုက် ဝန်ဆောင်မှုဖြင့် ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန်က စာဖတ်ဝိုင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ပေးရခြင်းမှာ ကျောင်းသားလူငယ်လေးများအား ကျောင်းသင်ခန်းစာအပြင် အခြားပြင်ပဗဟုသုတရရှိစေရန် ရည်ရွယ်ပြီး ကျေးရွာအရောက်ကွင်းဆင်း၍ စာဖတ်ဝိုင်းများ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ ကျောင်းသား /ကျောင်းသူများကို ၊စာဖတ်စွမ်းရည် တိုးတက်စေရန်အတွက် တိုင်းရင်းသားရိုးရာပုံပြစာအုပ်များ ၊ ကဗျာစာအုပ်များနှင့် ပြည်သူ့နီတိ စာအုပ်များကို ဖတ်ရှု့စေပြီး တစ်ဦးခြင်းအလိုက် ဖတ်ရှု့ပြီးသည့်စာအုပ်များကို ပြန်လည်ပြောပြ ဆွေးနွေးစေခြင်းနှင့် ခရိုင်ရုံး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိန်းသန်းဌေးမှ ဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်းလင်းပြောပြပေးခဲ့ကြောင်း သိရသည်။
အယ်မင်း (လွိုင်လင်)