ပိုင်ကျုံ ဒီဇင်ဘာ ၁၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ မြို့အင်္ဂါရပ်နှင့်အညီ အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် လမ်းများ၊ တံတားများ တည်ဆောက်ပေးလျက်ရှိသည့်အပြင် မြို့သာယာလှပရေးအတွက် Flower Box များနှင့် အုတ်စီရေမြောင်းများ တည်ဆောက်ပေးခဲ့သည်။
ပိုင်ကျုံမြို့ အမှတ် (၄) ရပ်ကွက်နှင့် အမှတ် (၅) ရပ်ကွက် ဆက်သွယ်ထားသည့် လမ်းမကြီး ၏ လမ်းဘေးဝဲ/ယာအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ကရင်ပြည်နယ်အစိုးရအဖွဲ့ ၏ ဖြည့်စွက်ခွင့်ပြုရန်ပုံငွေကျပ် (၁၃၂) သိန်းဖြင့် အရှည် (၁၃၀၂၀) ပေ အကျယ် (၃) ပေ အမြင့် (၃) ပေရှိ မြေသားရေမြောင်းတူးဖော်ခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက စတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီး နိုင်ရေးအတွက် မြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများတို့များတို့က အနီးကပ် ကြီးကြပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများ ပြီးစီးဖြစ်ပါက ပိုင်ကျုံမြို့အမှတ် (၄) ရပ်ကွက်နှင့် အမှတ် (၅) ရပ်ကွက်တွင် မိုးရာသီကာလအတွင်း ရေစီးရေလာကောင်းမွန်လာမည့်အပြင် လမ်းမကြီးလည်း ရေတိုက်စားမှုမှ ကာကွယ်နိုင်မည်ဖြစ်ပြီး ခရီးသွားပြည်သူများအနေဖြင့် အဆင်ပြေလွယ်ကူစွာ သွားလာနိုင်မည် ဖြစ်ကြောင်းသိရသည်။
နော်ခူး (ပြန်/ဆက်)