သတင်းများ

မဘိမ်းမြို့၌ ဆေးပစ္စည်းအရောင်းဆိုင်များနှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်
Dec 16,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ စံချိန်စံညွှန်းပြည့်မီသောဆေးဝါးများနှင့် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချနိုင်ရေးအတွက် ကုန်းခါးရပ်ကွက်အတွင်းရှိ ဆေးပစ္စည်းအရောင်းဆိုင်များနှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များအား ယနေ့နံနက် ၁ဝ နာရီခွဲအချိန်က ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။  
ကျောက်တံခါးမြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်နေ့အကြိုအထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်ပြပွဲ ဆောင်ရွက်
Dec 16,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်နေ့အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်ပြပွဲကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်းသိရသည်။
မိုင်းပန်မြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် ပြပွဲ/ပြိုင်ပွဲများကျင်းပ
Dec 16,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လူထုအခြေပြုဗဟိုဌာန၌ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က ဟောပြောပွဲနှင့် ပြပွဲ/ပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။
ကျောက်တော်မြို့နယ် မဟာမြတ်မုနိတိုက်ပွဲရှောင်စခန်းသို့ ဆန်ရိက္ခာများထောက်ပံ့ပေးအပ်
Dec 16,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်အတွင်းရှိ  တိုက်ပွဲရှောင်စခန်းသို့ လာရောက်ခိုလှုံနေသောပြည်သူများအတွက်  နီပွန်ဖောင်ဒေးရှင်းမှ တစ်လစာဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို သရက်တပင်ကျေးရွာအုပ်စု မဟာမြတ်မုနိဘုရား တိုက်ပွဲ ရှောင်စခန်း၌ ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စုကလိမြို့တွင် ရော်ဘာအစေးခြစ်လုပ်ငန်းစတင် လုပ်ကိုင်
Dec 16,2022
ကရင်ပြည်နယ် မြဝတီ၊ ခရိုင်စုကလိမြို့တွင် သဘာဝရွှေဖြူဟု တင်စားခေါ်ဝေါ်ကြသည့် မြန်မာ့ရော်ဘာများ စိုက်ပျိုးထားရှိပြီး ယခုအခါတွင် အစေးခြစ်လုပ်ငန်းများအား စတင်လုပ်ကိုင်လာကြပြီးဖြစ်သည်။
ပြည်ထောင်စုရွေးကောက်ပွဲအဖွဲ့ဝင် ဦးစိုးဦး ဝေါမြို့နယ်၌ မဲစာရင်းမှန်ကန်စေရေး ထပ်ဆင့်ရှင်းလင်းခြင်းနှင့် Cross-Check စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်နေမှုများ ကြည့်ရှုအားပေး
Dec 16,2022
ပြည်ထောင်စုရွေးကောက်ပွဲ အဖွဲ့ဝင် ပဲခူးတိုင်းဒေသကြီးနယ်မြေတာဝန်ခံ ဦးစိုးဦးသည် ယမန်နေ့ နံနက်ပိုင်းက  ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ မြို့နယ်ခန်းမ၌ မဲစာရင်းမှန်စေရေး ထပ်ဆင့်ရှင်းလင်းခြင်းနှင့် Cross-Check စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်နေမှုများ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။  
စဉ့်ကူးမြို့နယ် ညောင်ကုန်းကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင် ရွက်နေမှု ကွင်းဆင်းစစ်ဆေး
Dec 16,2022
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေဖြင့် ထပ်တိုးဆောင်ရွက်သည့် VDP ကျေးရွာဖွံဖြိုးရေးစီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ညောင်ကုန်းကျေးရွာတွင် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ကျိုက်မရောမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် နံရံကပ်စာစောင် စာအုပ်ပြပွဲပြုလုပ်
Dec 16,2022
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။