ဝေါ ဒီဇင်ဘာ ၁၆
ပြည်ထောင်စုရွေးကောက်ပွဲ အဖွဲ့ဝင် ပဲခူးတိုင်းဒေသကြီးနယ်မြေတာဝန်ခံ ဦးစိုးဦးသည် ယမန်နေ့ နံနက်ပိုင်းက ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ မြို့နယ်ခန်းမ၌ မဲစာရင်းမှန်စေရေး ထပ်ဆင့်ရှင်းလင်းခြင်းနှင့် Cross-Check စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်နေမှုများ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ပဲခူးတိုင်းဒေသကြီး နယ်မြေတာဝန်ခံ ဦးစိုးဦးက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာ စာရေးများအား တွေ့ဆုံကာ မဲစာရင်းမှန်ကန်စေရေး၊ မြေပြင်ရှိလူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းနှင့် မှတ်ပုံတင်နှစ်ကြိမ်၊ သုံးကြိမ်နှင့်အထက် ထပ်နေသူများနှင့်စပ်လျဉ်း၍ လုပ်ဆောင်ရမည့် အချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ပဲခူးတိုင်းဒေသကြီး နယ်မြေတာဝန်ခံ ဦးစိုးဦးနှင့် တာဝန်ရှိသူများသည် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနတွင် မဲဆန္ဒရှင်စာရင်းများကို Cross Check စစ်ဆေးခြင်းနှင့် လူဦးရေ အိမ်ထောင်စုစာရင်းများ လက်တွေ့ဆောင်ရွက်ပေးနေမှုများအား ကြည့်ရှုအားပေးပြီး၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး ဖွင့်လှစ်မည့်အဆောက်အဦအား သွားရောက်ကြည့်ရှုစစ်ဆေးကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ ဆက်)