ကျောက်တော်မြို့နယ် မဟာမြတ်မုနိတိုက်ပွဲရှောင်စခန်းသို့ ဆန်ရိက္ခာများထောက်ပံ့ပေးအပ်

ကျောက်တော်  ဒီဇင်ဘာ  ၁၆

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်အတွင်းရှိ  တိုက်ပွဲရှောင်စခန်းသို့ လာရောက်ခိုလှုံနေသောပြည်သူများအတွက်  နီပွန်ဖောင်ဒေးရှင်းမှ တစ်လစာဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို သရက်တပင်ကျေးရွာအုပ်စု မဟာမြတ်မုနိဘုရား တိုက်ပွဲ ရှောင်စခန်း၌ ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲရှောင်စခန်းများသို့ နီပွန်ဖောင်ဒေးရှင်းမှ ထောက်ပံ့သောဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး  ဦးကုဋေစည်သူ၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးဝေယံအောင်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများက ကျောက်တော်မြို့နယ်အတွင်းရှိ ခိုလှုံရာစခန်းဖြစ်သော မဟာမြတ်မုနိတိုက်ပွဲရှောင်စခန်းသို့ လာရောက်ခိုလှုံနေသော စုစု ပေါင်းအိမ်ထောင်စု (၄၃၂)စုမှ လူဦးရေ (၁၈၂၀) ဦး တို့အတွက် တစ်လစာဆန်ရိက္ခာ (၁၈၂၀)အိတ်အား အဆိုပါစခန်းများရှိ ပြည်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ပြီးဆန်ရိက္ခာများစနစ်တကျ လက်ခံထိန်းသိမ်းရေးနှင့်ဖြန့်ဝေရေး ကော်မတီမှစနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ပါကြောင်း သိရသည်။

ခင်မောင်ထွန်း