မဘိမ်းမြို့၌ ဆေးပစ္စည်းအရောင်းဆိုင်များနှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

မဘိမ်း   ဒီဇင်ဘာ  ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ စံချိန်စံညွှန်းပြည့်မီသောဆေးဝါးများနှင့် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချနိုင်ရေးအတွက် ကုန်းခါးရပ်ကွက်အတွင်းရှိ ဆေးပစ္စည်းအရောင်းဆိုင်များနှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များအား ယနေ့နံနက် ၁ဝ နာရီခွဲအချိန်က ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။  

ထိုသို့ဆောင်ရွက်ရာတွင် ကုန်းခါးရပ်ကွက်အတွင်း ရောင်းချလျက်ရှိသော ဈေးဆိုင်များရှိ အခြေခံစားသောက်ကုန်များတွင် မြန်မာစားကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိမှုအခြေအနေများ၊ ဆေးပစ္စည်းများအားမှတ်ပုံတင်ထားခြင်းရှိ/မရှိ၊ ရက်လွန်စားသောက်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေးနှင့် FDA လက်မှတ်ပါရှိမှုရှိ/မရှိတို့ကို လိုက်လံကြည့်ရှုခဲ့ခြင်းဖြစ်ပြီး ပြည်သူများ စားသောက်ကုန်ပစ္စည်းများအား ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲခွင့်ရရှိစေရန်၊ ကျန်းမာသော ပတ်ဝန်းကျင်ကောင်းတွင် ရှင်သန်နေထိုင်နိုင်စေရန်နှင့် စားသုံးသူများနှင့်ပတ် သက်သည့်အခွင့်အရေးများ အပြည့် အဝရရှိစေရန်အတွက်ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း မြို့နယ်စားသုံးသူရေးရာဦး စီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ဖြိုးဖြိုးထံမှ သိရသည်။

မျိုးမင်း (ပြန်/ဆက်)