ကျိုက်မရောမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် နံရံကပ်စာစောင် စာအုပ်ပြပွဲပြုလုပ်

ကျိုက်မရော ဒီဇင်ဘာ ၁၆

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့်လွတ်လပ်ရေးနေ့ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်များ ပြသရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများအား အသိပညာ ဗဟုသုတများရရှိစေရန်အတွက် စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရာ၌ တိုင်းပြည်နှင့် လူမျိုးကိုချစ်သော သမိုင်းဝင် ပုဂ္ဂိုလ်များ၏စာအုပ်များနှင့် လွတ်လပ်ရေးကြိုးပမ်းမှု ဖြစ်စဉ်သမိုင်း ဓာတ်ပုံများကို ပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာ ကြည့်ရူ မှတ်သားခဲ့ကြသည်။

ပြပွဲသို့ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ စာပေချစ်မြတ်နိုးသူများနှင့် ပြည့်သူများက လာရောက်လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး (ပြန်/ ဆက်)