မိုင်းပန်မြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် ပြပွဲ/ပြိုင်ပွဲများကျင်းပ

မိုင်းပန် ဒီဇင်ဘာ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လူထုအခြေပြုဗဟိုဌာန၌ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က ဟောပြောပွဲနှင့် ပြပွဲ/ပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အိရွှေစင်လတ်က လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံသမိုင်း အကြောင်းအရာများကို မမေ့သင့်ကြောင်း၊ သားသားမီးမီးတို့အမြဲတမ်းစာပေသမိုင်းတွေကိုဖတ်မှတ်လေ့လာနေကြရမည်စသည့်သိကောင်းစရာများကို ဟောပြောသည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများအား အချိန်ကိုအကျိုးရှိ စွာအသုံးချတတ်စေရန်၊ ကာယဉာဏစွမ်းရည်ပိုမိုတိုးတက်စေရန်၊ အစုအဖွဲ့အတွင်း ပါဝင်ကစား တတ်စေရန်ရည်ရွယ်၍အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့်၊ဉာဏ်စမ်းပြိုင်ပွဲများကိုကျင်းပပေးခဲ့ပြီး(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်များပြသရာ ကျောင်း သား၊ ကျောင်းသူများစိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မိုင်းပန်(ပြန်/ဆက်)