စုကလိ ဒီဇင်ဘာ ၁၆
ကရင်ပြည်နယ် မြဝတီ၊ ခရိုင်စုကလိမြို့တွင် သဘာဝရွှေဖြူဟု တင်စားခေါ်ဝေါ်ကြသည့် မြန်မာ့ရော်ဘာများ စိုက်ပျိုးထားရှိပြီး ယခုအခါတွင် အစေးခြစ်လုပ်ငန်းများအား စတင်လုပ်ကိုင်လာကြပြီးဖြစ်သည်။
အဆိုပါ ရော်ဘာပင်များအား စိုက်ပျိုးသည့်ကာလမှ အချိန်၇နှစ်ခန့်အကြာတွင် အပင် စည်လုံးပတ် ၂၀လက်မ ပတ်လည်အချိန်တွင် အစေးခြစ်သည့်လုပ်ငန်းအား စတင်နိုင်ပြီးဖြစ် သည်။
စုကလိမြို့ တွင်တောင်သူ ဦးစောထီးငွေ စိုက်ပျိုးထားသော ရော်ဘာပင်(၁၅၀၀)မှာ စိုက်ပျိုး ချိန်သက်တမ်း ပြည့်ပြီးဖြစ်သောကြောင့် ယနေ့နံနက် အစောပိုင်းမှစတင်၍ အစေးခြစ်လုပ်ငန်းအား စတင်လုပ်ကိုင်နေပြီးဖြစ်ကြောင်း သိရသည်။
ပိုပိုအောင်