မိုင်းလုံ ဒီဇင်ဘာ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီမှ မိမိတို့မြို့အတွင်း ကိုဗစ်-၁၉ရောဂါ မျိုးဗီဇပြောင်း BA.4 နှင့် BA.5 တို့သည် အစောပိုင်း အိုမီခရွန်မျိုးဗီဇပြောင်း ဗိုင်းရပ်စ်များထက် ပိုမိုကူးစက်မြန်ပြီး ကာကွယ်ဆေးများမှ ရောဂါကာကွယ်နိုင်စွမ်းကို ရှောင်လွှဲနိုင်သလို ယခင်ဗိုင်းရပ်စ်များထက်လည်း ပိုမိုကူးစက်လွယ် သောကြောင့် ရောဂါကူးစက်မှုမရှိစေရန်အတွက် အိမ်ပြင်ထွက်တိုင်း နှာခေါင်းစည်းတပ်ပြီးမှ ထွက်သည့် အလေ့အကျင့်ဖြစ်စေရန်နှင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရန် နှာခေါင်းစည်းများဖြန့်ဝေခြင်းကို နံနက်(၉)နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ Mask Camping ဆောင်ရွက်ရာတွင် မိုင်းလုံမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးသောင်းထွဋ်လင်း က ဦးဆောင်၍ တိုက်နယ်ကျန်းမာရေးဌာန ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ ပူးပေါင်း၍ Mask နှာခေါင်းစည်း (၃၀၀) ခုကို မိုင်းလုံမြို့တွင် ဖြတ်သန်း သွားလာနေသည့် ပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ဝေငှခဲ့ကြပြီး မလိုအပ်ဘဲ နေအိမ်ပြင်ပသို့ သွားလာခြင်းများမပြုလုပ်ရေး၊ သွားလာခဲ့ပါက ထွက်ခွာတိုင်း နှာခေါင်း စည်းများ တပ်ဆင်အသုံးပြုရေးတို့ကို အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
ဇော်ဇော်(ပြန်/ဆက်)