ပြည်တက္ကသိုလ် Canteen ဆိုင်များတွင် ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအသောက်များ ရောင်းချခြင်း  ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

ပြည် ဒီဇင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး  ပြည်တက္ကသိုလ်၌ အစားအသောက်များ ရောင်းချလျက်ရှိသော Canteen ဆိုင်များတွင် ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအသောက်များ ရောင်းချခြင်း ရှိ/ မရှိအခြေအနေကို  အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့မွန်းလွဲပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းသို့စစ်ဆေးရာတွင် အဆိုပါဆိုင်များ၌ ရောင်းချလျက်ရှိသော ထမင်း၊ ဟင်းများအပါအဝင် အစားအသောက်များအား သန့်ရှင်းလတ်ဆတ်မှု ရှိ/ မရှိ၊ ရက်လွန်အစားအစာများရောင်းချခြင်း ရှိ/ မရှိ၊ မြန်မာစာဖြင့် ကုန်အညွှန်းအမှတ် အသားများမပါရှိသော အစားအစာများရောင်းခြင်းရှိ/မရှိ၊ (FDA)ခွင့်ပြုချက်နှင့် (FDA)တွင် မှတ်ပုံတင်ထားခြင်းမရှိသော အစားအစာများ ရောင်းချခြင်း ရှိ/ မရှိ အခြေအနေများကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ဒေါ်မေသန်းနိုင်နှင့် စားသုံးသူရေးရာဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူး ဦးမင်းဆွေတို့ ဦးဆောင်သောဝန်ထမ်းများအဖွဲ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး အရောင်းဆိုင်တာဝန်ရှိသူများအား အစားအသောက်များကို စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ရောင်းချရေးနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာအ‌ကြောင်းများကို အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)