သတင်းများ

သာပေါင်းမြို့နယ် လုံခြုံရေး၊တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် သင်္ကန်းပင်ဆိပ်၊ သစ်ပုတ်ကုန်း ကျေးရွာအုပ်စုများအရောက် ဖြည့်ဆည်းဆောင်ရွက်ပေး
Dec 17,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊သင်္ကန်းပင်ဆိပ်ကျေးရွာအုပ်စု၊ သင်္ကန်းပင်ဆိပ်ကျေးရွာနှင့် သစ်ပုတ်ကုန်းကျေးရွာ အုပ်စု၊ ဇီးဖြူကွင်းကျေးရွာတို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းများ ကျေးရွာအရောက် ညှိ့နှိုင်းပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြသည်။
ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံ ပြည်သူများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်
Dec 17,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ကန်ကြီးထောင့်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့်ရပ်ရွာ အေးချမ်းသာယာရေးအတွက်မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ယမန်နေ့နံနက် ၉ နာရီအချိန်က  သဘော့ငူကျေးရွာအုပ်စု၊ကွင်း​​လယ်စုကျေးရွာတွင် ဒေသခံပြည်သူများတွေ့ဆုံ၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
လယ်ယာထွက်ကုန်သီးနှံများကို ပိုးသတ်ဆေးဓာတ်ကြွင်း သတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်တင်ပို့နိုင်ရေးဆွေးနွေးပွဲ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်တက်ရောက်
Dec 17,2022
လယ်ယာထွက်ကုန်သီးနှံများကို ပိုးသတ်ဆေးဓာတ်ကြွင်းသတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ် တင်ပို့နိုင်ရေးဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီအချိန်က မကွေးမြို့၊ နန်းထိုက်သူဟိုတယ် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ
ဘုတ်ပြင်မြို့နယ်တွင် မိုးစပါး စံကွက်ရိတ်သိမ်းပွဲကျင်းပ
Dec 17,2022
တနင်္သာရီတိုင်းဒေသကြီး၊ဘုတ်ပြင်းခရိုင်၊ဘုတ်ပြင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် မြို့နယ်အဆင့် မိုးစပါးစံ ကွက်ရိတ်သိမ်းပွဲကို ယမန်နေ့နံနက်ပိုင်းက ကမာချောင်းကျေးရွာ ကွင်းအမှတ်- ၈၂၂ ၊ ဘုတ်ပြင်းကွင်း ဦးပိုင် အမှတ် N-၁၈  တောင်သူ ဦးစံသိန်း၏ ဧရာမင်း မိုးစပါးစံပြကွက်တွင် ဆောင်ရွက်ခဲ့သည်။
ကရသူရိမြို့၌ ကွမ်းသီးခွဲခြမ်း(ညှပ်စိပ်) များဈေးကောင်းရရှိ
Dec 17,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့ရှိ ကွမ်းသီးခြံပိုင်အချို့သည်ကွမ်းသီးခွဲ ခြမ်း(ညှပ်စိပ်) ဈေးပိုရရှိနေ၍ ကွမ်းသီးအလုံးထက် အခြမ်း(ညှပ်စိပ်)ရောင်းချမှု ပိုမိုအားကောင်းလျက်ရှိကြောင်းသိရသည်။
သံဖြူဇရပ်၌ အသေးစား၊ အငယ်စားနှင့်နှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေး အေဂျင်စီနှင့် လုပ်ငန်းရှင်များတွေ့ ဆုံပွဲအခမ်းအနားကျင်းပ
Dec 17,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီနှင့် မြို့နယ်အတွင်းလုပ်ငန်းရှင်များ တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ(၁) နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
တနင်္သာရီတိုင်းဒေသကြီး(၁၀)မြို့နယ် အခြေခံပညာကျောင်းသား အားကစားပြိုင်ပွဲကျင်းပ
Dec 17,2022
(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို တနင်္သာရီတိုင်းဒေသကြီး၊ (၁၀)မြို့နယ် အခြေခံပညာ ကျောင်းသားအားက စားပြိုင်ပွဲ အသက်(၁၈)နှစ်အောက် ပြေး၊ ခုန်၊ ပစ် ပြိုင်ပွဲ(လူရွေးပွဲ၊ ဗိုလ်လုပွဲ)ကိုယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအားကစားကွင်း၌ ကျင်းပခဲ့သည်။
စစ်တွေမြို့၌ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ
Dec 17,2022
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် နှစ်စဉ် ဒီဇင်ဘာလအား လူထုအားကစားလအဖြစ် သတ်မှတ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူထုစုပေါင်းလမ်းလျှောက်ပွဲများ၊ စုပေါင်းကိုယ်လက် ကြံ့ခိုင်ရေးလေ့ကျင့်ခန်း များ၊ ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများ၊ Physical Fitness Dance များ စုပေါင်းဆောင်ရွက်လျက်ရှိရာ  ဒီဇင်ဘာ လူထုအားကစားလှုပ်ရှားမှုအဖြစ် စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၆ နာရီက စစ်တွေမြို့ ရှုခင်းသာ လမ်းဆုံရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။