လှည်းကူးမြို့နယ်တွင် မဇ္စိုမလင်္ကာရသာမဏေကျော်စာမေးပွဲကြီး ဖွင့်ပွဲကျင်းပ
Dec 17,2022
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ မဇ္စိုမဂုဏ်ရည်မဟာစည် တောရရိပ်သာပဓာနနာယက ဆရာတော် အဂ္ဂမဟာဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဌာနာစရိယ၊ ဓမ္မာကထိ ကဗဟုဇနဟိတဓရ၊ သာသန တက္ကသီလ ဓမ္မာစရိယ၊ B.A,M.A, Ph.D (India) ဒေါက်တာဘဒ္ဒန္တကောဝိဒမှ စီမံဦးဆောင်၍ မဇ္စိုမလင်္ကာရ သာမဏေ ကျော်စာမေးပွဲကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၇)ရက်နေ့မှ ဒီဇင်ဘာလ(၁၉)ရက် နေ့အထိ (၃)ရက်တိုင်တိုင် မဇ္စိုမဂုဏ်ရည်မဟာစည်တောရရိပ်သာနှင့် သာသနာ့ရိပ်သာရပ်ကွက်ရှိ နိဗ္ဗာန်ဆိပ်ဦးဗိမ္မာန်တို့တွင် စာဖြေဌာနနှစ်ခုခွဲ၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ယမန်နေ့က ဖွင့်ပွဲအခမ်းအနားကို နိဗ္ဗာန်ဆိပ်ဦးမဟာစည်ဗိမ္မာန်တော်ကြီးတွင် ကျင်းပပြုလုပ်သည်။