မချမ်းဘော့ ဒီဇင်ဘာ ၁၇
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် လူမှုဘဝစီးပွားဖွံ့ဖြိုးတိုးတက်စေရန် အတွက် နိုင်ငံတော်မှ ထုတ်ချေးပေးသော နိုင်ငံစီးပွားမြှင့်တင်ရေး အရင်းမပျောက် မတည်ရန်ပုံငွေ သိန်း၄၀၀ ကျပ် လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကိုအမှတ်(၄)ရပ်ကွက်ရှိ ရဝမ် ရိုးရာယဥ်ကျေးမှုခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက အဖွင့်အမှာစကားပြောကြားကာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်လွင်က စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေးအကြောင်းအရာများကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အဆင့်ကျေးရွာစီမံကိန်း ကြီးကြပ်မှုကော်မတီမှ မြို့ပေါ် (၄)ရပ်ကွက်ရှိ ကျေးရွာ စီမံကိန်းကော်မတီအဖွဲ့ထံသို့ စိုက်ပျိုးရေးတောင်သူ(၂၄၈)ဦးအတွက် ချေးငွေရန်ပုံငွေကျပ် သိန်း(၄၀၀ )အား လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
ယောရွှေနီ(မချမ်းဘော့)