ရမည်းသင်းမြို့ အမှတ်(၅)မြို့မအထက်တန်ကျောင်း၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ရမည်းသင်း ဒီဇင်ဘာ ၁၇

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့ အမှတ်(၅) မြို့မအခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ရမည်းသင်းခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးရေးအဖွဲ့ ဦးဆောင်ကျင်းပသည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကိုကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ရမည်းသင်းခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြဉ္ဇူမြင့်နှင့်အဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများအား လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်‌ပေးခဲ့ပြီး ရမည်းသင်းမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဌေးက မြို့နယ်လူကုန်ကူးမှုးတားဆီးကာကွယ်ရေးအဖွဲ့လုပ်ငန်းများတွင် ပြည်သူများ ပူးပေါင်းပါဝင်ခြင်းဖြင့် ပိုမိုထိရောက်စွာ တားဆီးနိမ်နင်းရေးကို ရှင်းလင်းပြောကြားပြီး ရမည်းသင်းမြို့မစခန်းမှူး ဒုရဲမှူးဝဏ္ဏကျော်က လူကုန်ကူးမှုဆိုင်ရာဥပဒေများကိုရှင်းလင်းကာ အမှတ်(၁)လူကုန်ကူးမှုတားဆီးနိမ်နင်းရေး ရဲတပ်ဖွဲ့စိပ်(မိတ္ထီလာ) ဒုရဲမှူး သက်ထွန်းအောင်က လူကုန်ကူးခံရမှုများနှင့် လူကုန်းကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာများကို ရှင်းလင်းပြောကြားည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား လူကုန်မှုတားဆီးကာကွယ်ရေးဆိုင်ရာ သိကောင်းစရာ မေးခွန်းများမေးမြန်းရာ အကောင်းဆုံးဖြေဆိုနိုင့်သည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးဗလာစာအုပ်များ ချီးမြှင့်ဂုဏ်ပြုခဲ့ကြသည်။

အဆိုပါ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲသို့ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ အမှတ်(၅)မြို့မအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိခိုင်နှင့်ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ဇော်ဝင်းအောင်(ခရိုင်ပြန်/ ဆက်)